Kool San
UI/ UX Sharing
Published in
2 min readJul 24, 2020

--

Click or tap count ကို ကျနော်တို့ ရေတွက်သင့်လား? User Journey Improvement နဲ့ Click count အကြောင်း

Click or tap ကို ဘယ်လောက်ဆို user task/goal ပြီးမြောက်သင့်တယ်။ (သို့မဟုတ်) User ရှာတာ တွေ့သင့်လားဆိုရင်….

ကျနော်ကတော့ ကိုယ်ကြုံနေတဲ့ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်သင့်တယ်လို့ ယူဆမိပါတယ်။

တစ်ချို့ အခြေနေတွေမှာ Clicks or Taps အရေတွက်ကို ရေတွက်တာဟာ အကျိုးရလဒ်ကောင်းဖြစ်နိုင်ပေမဲ့

တစ်ချို့ ကိစ္စတွေကတော့ အဲ့ Click count ကို ရေတွက်လိုက်လို့ အမှားကြီးမှားပြီး ဆိုးကျိုးရတာပဲဖြစ်နေတတ်ပါတယ်။

ဥပမာ Userက Information တစ်ခုကိုရှာတာ နောက် Menu bar/ Navigation Bar or Search Box မှာ … User ရှာတဲ့အရာရှိတဲ့ Page ကို ရောက်ဖို့ အခြေအနေမှာ Clicks ဘယ်နှစ်ခါနှိပ်ရင် တွေ့ရမယ်ဆိုတာ သတ်မှတ်ထားသင့်ပါတယ်။

ဒီ Website/Appကို ရောက်နေပြီးမှ …. ဒီထဲမှာ လမ်းပျောက်နေမယ်ဆိုရင်တော့ UI/UX တစ်ခုခု (or) နှစ်ခုစလုံးမှာ ပြဿနာ ရှိနေတယ်လို့ယူဆနိုင်ပါတယ်။

Click count ကို User Journey ကို ပိုကောင်းအောင်(improve) လုပ်တဲ့အခါ သုံးသပ် စဉ်းစားတွက်ချက်သင့်ပါတယ်။

ဥပမာ …. လက်ရှိ User Journey ရဲ့ total clicks ဘယ်နှစ်ခုမှာ user task/goal ပြီးမြောက်တယ်။

  • User task/goal ကို ပြီးမြောက်သွားတဲ့အခါ User က စိတ်ပျက်ပြီးကျန်ခဲ့တာလား?

တစ်ချို့Website/App တွေမှာ User task/goal ကိုပြီးမြောက်ဖို့ တော့ ……2 Clicks ပဲလိုတယ်။ ဒါပေမဲ့ User inputs တွေက အများကြီး ဖြစ် နေတယ်။ (ဥပမာ — User inputs = ဖောင်ဖြည့်သလို အရှည်ကြီးဖြည့်ခိုင်းတာ)

ဒါမျိုးဆို User က မလွဲမရှောင်သာ ရွေးချယ်စရာမရှိလို့ မလုပ်မဖြစ်လုပ်လိုက်ရပေမဲ့ … နောက်မလုပ်မိအောင်ရှောင်တယ်။ စိတ်ကုန်ပြီးကျန်ခဲ့တာ။

ဒီလို အခြေနေမျိုးဆို ကျနော်တို့က User အတွက် လုံးဝမလိုအပ်တဲ့ inputs တွေကို ဖယ်ထုတ်(Data/Info ရှိပြီးသားဆို User အစား Systemက Auto Fill Up လုပ်သင့်တာ လုပ်ပေး) နောက် user inputs တွေကို တစ်ဆင့်ချင်းဆီလိုအပ်ရင် လိုအပ်သလို ခွဲထုတ်ပြီး user journey တွေ ချောမွတ်အောင် လုပ်ပေးရပါတယ်။

အနီးစပ်ဆုံး ဥပမာပေးရမယ်ဆို….

ရေတစ်ခွက်ထဲက ရေတွေကို တစ်ကျိုက်တည်းမော့သောက်ခိုင်းတာနဲ့ တစ်ငုံချင်း သူနိုင်သလောက်ခွဲသောက်ခိုင်းတာတဲ့ အဖြစ်နဲ့ တူပါတယ်။

- User task/goal ကိုပြီးမြောက်သွာတဲ့ အခါ User က ဒီအတိုင်းတော့ အဆင်ပြေတယ်။ ဒါပေမဲ့ User Journey ကိုပိုတိုလိုက်ရင် ကောင်းမလား?

တစ်ခါတစ်လေကျတော့ လက်ရှိ User Journey က 4 Clicks …………………ဒါပေမဲ့ အလယ်က နှစ်ဆင့်ကပေါင်းလိုက်လို့ရရင်ပေါင်းပြီး User Journey ကို Improve လုပ်လို့ရပါတယ်။

မြင်သာတဲ့ဥပမာတစ်ခုဆိုရင် ဘာမှမလေးတဲ့ ပစ္စည်းတွေကို နေရာရွေ့တဲ့အခါ လက်တစ်ဖက်တည်းနဲ့ ,မ,မယ့်အစား လက်နှစ်ဖက်သုံးပြီး အခေါက်ရေတိုတို ရွေ့ခိုင်းသလိုမျိုးပါ။

ဒီ Click or Taps count နဲ့ ပက်သက်တဲ့ မှတ်သားစရာ တစ်ခုက

“ It’s doesn’t matter how many times I have to click, as long as each click is a mindless, unambiguous choice. ”

– KRUG’S Second Law of Usability

ဆီလျော်အောင် ကြိုးစားပြီး ဘာသာပြန်ရရင်…

“သေချာ မစဉ်းစားရဘဲ ကလစ်နှိမ်ရုံလောက်ပဲ နှိမ်ရတဲ့ ကလစ်ဖြစ်နေလို့ကတော့ ဘယ်လောက်ပဲ နှိပ်ရ နှိပ်ရ ကိစ္စမရှိပါဘူးတဲ့ ”

အခုလောက်ဆိုရင်တော့ စာဖတ်သူ UI/UX. Designer တွေလည်း Clicks Countကို အခြေအနေနဲ့ အချိန်အခါလိုက်ပြီး User Journey improvement လုပ်တာပဲဖြစ်ဖြစ် Click/Tap count ကို evaluation လုပ်ချင်တဲ့အခါပဲဖြစ်ဖြစ် စဉ်းစားတဲ့အခါ အထောက်ကူတစ်ခုဖြစ်နိုင်ပါစေလို့ မျော်မှန်းရင်း ဒီဆောင်းပါးကို ဒီမှာအဆုံးသတ်လိုက်ပါတယ်။

ကျနော် အနေနဲ့ အလုပ်များတဲ့အတွက် ဆောင်းပါးတွေကို တစ်လ တစ်ခေါက်မှပဲရေးဖြစ်တော့ပေမဲ့ ကျနော့စာ တွေကို သေချာစောင့်ဖတ်ပေးလို့ကျေးဇူးပါ။

Mask တပ်ကြပါ။ လက်ဆေးကြပါ။

Follow me Kool San to keep up with my other articles.

--

--

Kool San
UI/ UX Sharing

A passionate UX Designer, and I will share some articles about UX & UI Design. Sometimes I take photos and drink coffee.