UI Designers တွေရဲ့ ရေရှည်ရပ်တည်မှု နဲ့ UI/UX Designers ဘက်အခြမ်းသို့ကူးပြောင်းခြင်း

Kool San
UI/ UX Sharing
Published in
3 min readOct 21, 2020

--

ဒီဆောင်းပါးကို ကျနော်ရဲ့ LinkedIn Connections အများစုဟာ UI Designer တွေများတဲ့အတွက် UI Designers တွေအတွက်ရေးပေးထားတာပါ။

Photo by Justin Luebke on Unsplash

ဒီနေ့ရေးမယ့်အကြောင်းကတော့ စာဖတ်သူ UI Designers တွေအတွက် ဒီဆောင်းပါးဖတ်ပြီးရင် အဖြေတစ်ခုရမယ်ဆိုတာထက် ကိုယ့်ရဲ့ ရေရှည် ရပ်တည်မှု အတွက် မေးစရာ တွေးစရာတစ်ခုကျန်ခဲ့ဖို့ အလားအလာများပါတယ်။

ရေရှည်မှာ UI Designers တွေအတွက် UI ဆွဲပြီးဖို့က ရပ်တည်ဖို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အောက်က အချက်တွေကို အခြေခံပြီး ဆွေးနွေးထားပါတယ််။

1)အလုပ်နေရာခေါ်ဆိုမှု နှင့် အလုပ်ခွင်အနေအထား

2)လစာ

3)UI Designers တွေအနေနဲ့ ကိုယ့်ကိုယ်မေးသင့်တဲ့ မေးခွန်းတစ်ချို့

1)အလုပ်နေရာခေါ်ဆိုမှု နှင့် အလုပ်ခွင်အနေအထာ:

နိုင်ငံတကာမှာ UI Designers ဆိုပြီးသက်သက်ရပ်တည်လို့ရတဲ့အတွက် UI Designer Job Posts တွေကအများကြီးပါ။ ဒါပေမဲ့ ဒီ UI Designer အလုပ် ခေါ်ဆိုမှု ပမာဏဟာ UI/UX Designer အလုပ်ခေါ်ဆိုမှု ပမာဏနဲ့ ယှဉ်ရင်တော့ ခန့်မှန်းခြေ သုံးပုံတစ်ပုံလောက်ရှိပါတယ်။

အလုပ်ခေါ်တဲ့ Post တွေကို ကြည့်လိုက်ရင်လည်း UI/UX Designer post က 7 ခုဆို UI Designer post က 3ခုလောက်ပဲတွေ့ရလေ့ရှိပါတယ်။

ဒီလိုပြောလို့ အားမလျော့စေချင်ပါဘူး။ ရှိတဲ့ သုံးပုံတစ်ပုံထဲမှာကိုယ်ပါနေဖို့တော့လိုအပ်ပါတယ်။ UI နဲ့ ပက်သက်ရင်ဘယ်ဘက်က စမ်းစမ်း အရိုးချည်းပဲဆိုတဲ့ ဒေါင်ဒေါင်မြည် UI Designers တွေလိုမျိုးပေါ့။

Team Structure

  • မြန်မာပြည်က ရုံးတွေမှာ အများသောအားဖြင့် UI/UX Designer ဟာ တစ်ရုံးလုံးမှာမှ တစ်ယောက်ရှိနေတာများပါတယ်။
  • တော်တော်ကြီးတဲ့ရုံးတွေမှာမှ Senior, junior level တွေထားပြီး Teamလိုက် ထားတာပါ။ Team လိုက်ရှိနေလို့ ကြည့်လိုက်ပြန်ရင်လည်း Team Structureက UX Designers နဲ့ UI Designers လို့ ရှိနေတာထက် UX Designers နဲ့ UI/UX Designers ဆိုပြီးရှိနေတဲ့ Team Structure ကပိုများပါတယ်။ ဒီလို Teamလိုက်ရှိတဲ့ လုပ်ငန်းခွင်ဆိုတာလည်းလက်ချိုးရေလို့ရတဲ့ ပမာဏလောက်ပဲရှိပါတယ်။

ဒီအပေါ်က အချက်တွေကို အခြေခံပြီး ကောက်ချက်ချရမယ်ဆိုရင် UI Designers တွေရဲ့ အလုပ်နေရာခေါ်ဆိုမှုဟာ ဒီမှာရှိနေတဲ့ UI Designers တွေရဲ့အရေအတွက်နဲ့ ယှဉ်ရင် တော်တော်နည်းလွန်းတာတွေ့ရပါတယ်။

2) လစာ

UI Designer တွေရဲ့ လစာဟာ UI/UX Designerတွေရဲ့ လစာထက် သုံးပုံပုံ နှစ်ပုံလောက်ပဲအများဆုံးအနေနဲ့ရနိုင်ပါတယ်။

ကျနော့အနေနဲ့ UI Designers တွေရဲ့ ရေရှည်ရပ်တည်မှု အတွက်် ကျနော့ အမြင််တစ်ခုကို တိတိကျကျ မပေးပဲ စာဖတ်သူ UI Designers တွေကိုယ့်ဘာသာ တွေးစရာချန််ပေးခဲ့ပါရစေ။

3) UI Designers တွေအနေနဲ့ ကိုယ့်ကိုယ်မေးသင့်တဲ့ မေးခွန်းတစ်ချို့ ကတော့ -

  • UI Designer တစ်ယောက်လုပ်နေတာ အခြေအနေအရလား (သို့မဟုတ်) လုံးဝ UI ကိုပဲဆွဲရတာကြိုက်လို့ လုပ်နေတာလား? (ဒီမေးခွန်းဟာ တော်တော်အရေးကြီးပါတယ်)
  • ကိုယ်လစာကို ဘယ်လောက်ထိမျှော်မှန်းလဲ။(ကျနော် သိသလောက်တော့ UI Designers တွေရဲ့ Salary ဟာ အမျာဆုံး 10 သိန်းမကျော်နိုင်ပါတာ တွေ့ရပါတယ်။)(ကျော်ရင်လည်း ပြောကြပါ။ ကျနော် UI Designer ပဲလုပ်တော့မလို့ပါ 😂)

ကျနော် UI Designers တစ်ချို့နဲ့ စကားပြောကြည့်တဲ့အခါ သိရတာလေးတွေကို စဉ်းစားတဲ့အခါ အထောက်အကူရအောင် ဖော်ပြပေးထားပါတယ် —

  • အချို့က အရင်က Web Designer လုပ်ခဲ့လို့ Frontend သမားလုပ်နေရင်း UI တွေကို ဆွဲပေးတာကနေ UIပဲလုပ်ဖြစ်သွားတာတွေရှိသလို
  • တစ်ချို့ကျတော့လည်း UX ကိုတော့စပြီးလေ့လာချင်တယ်။ ဒါပေမဲ့ ဘယ်ကစရမှန်း မသိပါဘူး။
  • နောက် UX ကခက်တယ်။ တွေးရတယ်။ လုပ်နိုင်မယ်လို့ မထင်ဘူး။ Confident မရှိဘူး။ ဒါပေမဲ့ လုပ်တော့ လုပ်ကြည့်ချင်တယ်။

စာဖတ်သူတို့အနေ နဲ့ လက်ရှိမှာ UI Designers လုပ်နေရတာဟာ အပေါ်က အချက်တွေကြောင့်ဆိုရင်တော့ ကျနော့ အနေနဲ့ UX ကို စလေ့လာဖို့ အကြံပြုပါရစေ။

ဘယ်ကနေစရမလဲဆိုရင် UX Designer တွေရဲ့ Job scope (ဒီမှာဝင်ဖတ်လို့ရပါတယ်။) Scope မှာပါရမယ့် Skills တွေနဲ့ ပက်သက်တဲ့ ဆောင်းပါးတွေ ကိုGoogle မှာရှာပြီး ဖတ်လို့ရသလို နောက် စာအုပ်တွေကို ဖတ်ပါ။ YouTube မှာလည်း Tutorial တွေရှာကြည့်ပါ။

နောက် UI/UX Complete guide by Poe Ei Phyu(ဒီမှာဝင်ဖတ်လို့ရပါတယ်။)

ကျနော် အကောင်းဆုံးလို့ ထင်တဲ့ Practice တစ်ခုကတော့ App/Website အနည်းဆုံးတစ်ခုကနေ သုံးခုလောက် Case Study လုပ်ပြီးတော့ App/Website ကို ပြန်ဆွဲပါ။

ဘာဖြစ်လို့လဲဆိုတော့ App တစ်ခုလုံးကို ကိုယ့် ဘာသာ ကိုယ် လုပ်ရတဲ့အတွက် UX Process တွေစပြီးတော့ လုပ်ရတယ်။

နောက် ဒီလို Case Study လုပ်နိုင်ဖို့ ကိုယ့်ဘာသာ ကိုယ် Google ခေါက်ပြီး ကောင်းနိုးရာရာတွေလျှောက်ကြည့် ၊ Learn လုပ်ပြီး Case Study မှာ apply (အသုံးချ) တဲ့အတွက် UX Process ကြီးတစ်ခုလုံးကို တစ်ကယ်အလုပ်လုပ်သလို လုပ်လိုက်ရတဲ့ အတွက် အတိုင်းအတာ တစ်ခုလောက်ထိတော့ UX အခြေခံလေးရသွားရင် ကျန်တာတွေက အလုပ်လုပ်ရင်းနဲ့ အတွေ့အကြုံကသင်ပေးသွားပါလိမ့်မယ်။ (အလုပ်လုပ်ရင်း Continuous Learning လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ)

ကျနော စာဖတ်သူတွေအတွက် ကျနော် Graphic Designer ကနေ UI/UX Designerဘက်ကို ပြောင်းပြီး ပထမဆုံး အလုပ်လျှောက်တာ အလုပ်ရသွားတဲ့ Case Study ကို ဥပမာ ပြပေးထားပါတယ်။

Image by Kool

ဒီ Case Study ဟာ အခုအချိန်မှာ ပြန်ကြည့်ရင် တော်တော်လေးကို လိုအပ်ချက်တွေရှိနေတဲ့ Case Study တစ်ခုပါ။ ဒါကြောင့် ကျနော်ပြောချင်တာက လုပ်ကြည့်ပါ။ လိုအပ်ချက်တွေရှိနေပေမဲ့ လုံးဝအချည်းအနှီးဖြစ်သွားတယ်။ လုပ်ကြည့်လို့ မှားသွားတယ်ဆိုမျိုးထက် မှားတဲ့အခါရလိုက်တဲ့ သင်ခန်းစာတွေက အမြတ်ပါပဲ။

Image by Kool

နောက် UI/UX Designer တစ်ယောက်အနေနဲ့ စ ဖတ်ရတာကို ပျင်းနေရင်တောင် (ကိုယ့်ကိုယ် ကို မဖြစ်မနေ သည်းခံပြီးလုပ်ခိုင်းသင့်တဲ့) ဖတ်သင့်ဆုံး စာအုပ် တစ်အုပ်ကတော့ ….

“Don’t make me think” by Steve Krug

ဒီမှာ Download ရယူနိုင််ပါတယ််။

ဒီစာအုပ်ဟာ စာဖတ်ရလို့ ပေးရတဲ့အချိန် စိုက်ထုတ်လိုက်တဲ့ အား နဲ့ မမျှအောင် ပြန်ရတဲ့ အကျိုးကျေးဇူးက အတိုင်းအထက်အလွန်များတဲ့ စာအုပ်ပါ။

ဒီ အချက်တွေကို အခြေခံ စဉ်းစားရင်း စာဖတ်သူ UI Designers တွေအနေနဲ့ ကိုယ့်ရေရှည်ရပ်တည်မှု နဲ့ UI/UX Designers ဘက်အခြမ်းသို့ကူးပြောင်းဖို့အတိုင်းအတာတစ်ခုထိ ချိန််ဆ သိရှိ နားလည်နိုင်စေဖို့ မှန်းဆရင်း…

မရှင်းတာရှိရင်ပဲဖြစ်ဖြစ် ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် အောက်က comment မှာ ရေးခဲ့ပေးလို့ရပါတယ် ….

အားလုံးပဲကျေးဇူးပါ။

COVIDကာလမှာ ဘေးရန် ကင်းကွာကျန်းမာပြီး လှပတဲ့နေ့သစ်တွေကို လက်ရှိရော အနာဂတ်မှာပါ ဆုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Stay Safe Naw!

--

--

Kool San
UI/ UX Sharing

A passionate UX Designer, and I will share some articles about UX & UI Design. Sometimes I take photos and drink coffee.