UI Designers တွေအတွက် Free Online UX Course များ

Kool San
UI/ UX Sharing
Published in
Oct 29, 2020

--

ရှေ့တပတ်က UI Designers တွေအတွက်ရေးပေးခဲ့တဲ့ ဆောင်းပါးဟာ UI Designerတွေအတွက် အထောက်အကူပြုတယ်လို့ သိရလို့ ကျနော် ဝမ်းသာပါတယ်။

ကျနော်က အခုတလောနေသိပ််မကောင်းတော့ ပထမတော့ ဒီတစ်ပတ်စာရေးတာ နား မလို့ပါ။ဒါပေမဲ့လည်း ဒီသီတင်းကျွတ်ပိတ်ရက်ရှည်မှာ ကျနော့စာဖတ်သူတွေကို အကျိုးဖြစ် အဖတ်တင်စေမဲ့ Learning တစ်ခုခုတော့ ပေးခဲ့ချင်ပါတယ်။ဒါကြောင့် ဒီနေ့ ဒီဆောင်းပါးကို ညက အသည်းအသန်ရေးလိုက်ပါတယ်။

ရှေးတစ်ပတ်ကတော့ UI/UX ဘက်ကိုပြောင်းရင် အမြန်ဆုံးဖြတ်လမ်းလိုက်နည်း(တစ်ပွဲတိုးနည်း)ကို ရေးခဲ့ပေမဲ့ တကယ်တော့ — — ဘယ်Career မဆို နည်းမှန်လမ်းမှန် နဲ့ အချိန်ပေး အင်အားစိုက်မှု တစ်ခုရှိမှ ရေရှည်မှာ sustainable ဖြစ်တဲ့ career life ကိုရနိုင်မှာပါ။

ဒီတော့ UX အခြေခံကောင်းရဖို့ Free Online UX Courses တစ်ချို့ကို မျှဝေပေးချင်ပါတယ်။ ဒီ Free Course ဆိုတွေဟာ လျော့တွက်လို့မရပါဘူး။ ကိုယ် ယူတတ်ရင်ယူတတ်သလို တာသွားတဲ့ course တွေပါ။

1. Future Learn — Digital Skills: User Experience

Screenshot from https://www.futurelearn.com/courses/digital-skills-user-experience

ဒီနေရာမှာ ကျနော် စာဖတ်သူတို့ကို ဒီ Free Online UX course ကို စတက်ပြီးတော့ Course ပြီးဆုံးအောင်တက်ဖြစ်စေဖို့ Motivation အကြောင်းပြောပါရစေ။

စာဖတ်သူတို့တော့ ဘယ်လိုလူမျိုးလဲမသိပေမဲ့ ကျနော့်ရဲ့ ပင်ကိုဗီဇကိုက ဘာလုပ်လုပ် အင်မတန်ပျင်း ဘယ်အရာကို မဆို ခဏနေနဲ့ ပျင်းသွားတဲ့ လူမျိုးထဲမှာပါပါတယ်။ အဓိက က ကိုယ် ဘဝမှာ ဘာဖြစ်ချင်နေမှန်းလည်းသေချာမသိ၊ နောက်အရေးကြီးတာက Lack of motivation or Goal မရှိတာ ကိုသတိထားမိတယ်။

အဲတော့ ဒီ UI/UX ကို Learning လုပ်တဲ့ကိစ္စမှ မဟုတ်ဘူး ဘယ်ကိစ္စမဆို Goal မရှိရင် ကောက်ရိုးမီးလို ခဏပဲတောက်ပြီး ပြန်ငြိမ်းသွားမှာပါ။

ဒါပေမဲ့ ကိုယ်ရောက်ချင် Goal တစ်ခုသာ ရှိခဲ့မယ်ဆိုရင် အဲ့ဒီကို ရောက်အောင်သွားနိုင်မှာပါ။ အဲတာကြောင့် တစ်ခုခုကို ပြိီးအောင်အချိန်ပေးပြီးလုပ်ဖို့ Motivation လိုပါတယ်။

ကျနော််် learning နဲ့ ပက်သက်ရင်Motivation ရအောင် လုပ်တာကတော့ ကိုယ်ဖြစ်ချင်တဲ့ Goal တစ်ခုကို ချမှတ်ပြီး လက်လျော့စရာ စိတ်ပျက်စရာ အခက်အခဲ ပျင်းရိစိတ်တွေဝင်လာရင်တောင် အဲ့ဒီ Ultimate Goal ကို မျှော်ကြည့်ပြီး ရောက်အောင် ပြီးမြောက်သွားအောင် အားတင်းလိုက် အားတက်လိုက်နဲ့ လုပ်နေရတာပါပဲ။

ဥပမာပေးရမယ်ဆို — အခု Free Online UX Course လည်းအဲ့လိုပဲ ငါဒီ Course ကိုပြီးမှ ငါလိုချင်တဲ့ Salary ကိုရမယ်။ အဲ့ဒီရမယ့် Salary ကနေ ငါဘာလုပ်နိုင်မယ် ဆိုပြီး Goal တစ်ခုကို Focus ထားလိုက်ရင် စာဖတ်သူတို့ ကောင်းကောင်းလုပ်နိုင်တယ််လို့ ကျနော်ထင်ပါတယ်။

အားလုံးပဲကျေးဇူးပါ။

COVIDကာလမှာ ဘေးရန် ကင်းကွာကျန်းမာပြီး လှပတဲ့နေ့သစ်တွေကို လက်ရှိရော အနာဂတ်မှာပါ ဆုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Stay Safe Naw!

--

--

Kool San
UI/ UX Sharing

A passionate UX Designer, and I will share some articles about UX & UI Design. Sometimes I take photos and drink coffee.