User Goal နဲ့ User Task ဆိုတာဘာလဲ နှင့် User Experience ကောင်းဖို့ User Goal နဲ့ User Task ကို ချိတ်ဆက်စဥ်းစားပုံ

Kool San
UI/ UX Sharing
Published in
3 min readSep 30, 2020

--

Photo on Unsplash and redesign by Kool

တစ်ခါတုန်းက ကျနော် Ul/UX Designerတွေမဟုတ်တဲ့ Team members တွေနဲ့ အလုပ်တွဲလုပ်ရတဲ့အခါ သူတို့ User အကြောင်းနားလည်ရင် အလုပ်လုပ်ရတာ အဆင်ပြေလို့ Feature/Function တစ်ခုချင်းဆီအတွက် User Task နဲ့ User Goal ကို Excel အကွက်တွေထဲမှာ ဖြည့်ပေးဖို့ တောင်းဆိုခဲ့ဖူးတယ်။

အဲ့ဒီမှာ ကျနော့ Team Member တစ်ယောက်က User Goal ဆိုတာဘာလဲ။ User Task ကရော ဘာလဲ။ User Goal နဲ့ Task ကရော ဘယ်လိုကွဲပြားတာလဲ လို့ ကျနော့ကို မေးတယ်။

သူမေးမှပဲ ကိုယ့်ဘာသာကို သိနေတယ်လို့ သေချာ ထင်ထားတဲ့ User Goal နဲ့ User Task ကို သိသလိုလို နဲ့ ….ကိုယ်တိုင်က သူများကို ပြန်ရှင်းပြရလောက်အောင် မသိသေးဘူးဆိုတာ …..ကိုယ့်ကိုယ် ကို သတိထားမိသွားတယ်။ အဲ့တာနဲ့ အိုကေ။ ညနေကျရင် ကျနော် sample တစ်ခုရေးပြပေးမယ်လို့ ပြောပြီး ကျနော် စာအပြေးဖတ်ရပါတော့တယ်။

ဒါကတော့ ဒီဆောင်းပါးဖြစ်လာရတဲ့ Behind the Story ပေါ့။ 😅

User Goal ဆိုတာ ဘာလဲ? — Userက သူရည်မှန်းထားတဲ့ အရာ/ သူလိုချင်တာ/ လိုအပ်နေတဲ့ အရာကို User Gaol လို့ ပြောရပါမယ်။

User Task ဆိုတာ ဘာလဲ? — စောစော သူလိုချင်အရာ User Goalကို ရောက်ဖို့ အတွက် သူလုပ်ရမယ့် process အစအဆုံးမှာ လုပ်ဆောင်ရမယ့် “လုပ်ဆောင်ချက်/တာဝန်” ကို User Tasks လို့ သတ်မှတ်ရပါမယ်။

ဥပမာ -

User Goal — ဟော့ပေါ့ စားချင်တာ

ဒီ User Goal အတွက်ဆို Userက လုပ်ရမယ့် User Tasksတွေက ….

User Tasks

  • Task 01 — Food Delivery App ကို ဖွင့်
  • Task 02 — Location ထည့်ပါတယ်။
  • Task 03 — Search box မှာ Restaurant ကို ရှာပြီးရွေးပါတယ်။
  • Task 04 — Set Menu, items တွေ ရွေး Add to Cart လုပ်ပါတယ်။
  • Task 05 — Payment Method ရွေးပါတယ်။
  • Task 06 — Check out လုပ်ပါတယ်။

ဒီ User Tasks တွေမှာ Task 02, 03, 04 တွေကို Userက ခဏခဏလုပ်ရတဲ့အခါ …. User’s pain point ဖြစ်နိုင်ဖို့အလားအလာများသော User Tasks တွေလို့ Identify လုပ်နိုင်ပါတယ်။

(user research, user interview insight data and User Empathy Mapတွေကို သုံးပြီး user pain point ကို Identify လုပ်နိုင်ပါတယ်။)

User Goal တစ်ခုမှာ User Tasksတွေက အနည်းဆုံးတစ်ခုနဲ့ တစ်ခုထက်ပိုပြီးရှိနေနိုင်ပါတယ်။

ဒါကြောင့် ကျနော်တို့က UX Designersတွေက User Goal (User လိုချင်တာမြန်မြန် ရဖို့)အတွက် လုပ်ဆောင်ရတဲ့ User Tasks တွေကို ကူပြီး ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။

Photo on Unsplash

စောစောက ဥပမာအတိုင်း ကျနော်တို့က User ကို Personalized Experience ပေးမယ်ဆိုရင် ….

User Goal — ဟော့ပေါ့ စားချင်တာ

ဒီ User Goal အတွက်ဆို Userက လုပ်ရမယ့် User Tasksတွေက ….

User Tasks

  • Task 01 — Food Delivery App ကို ဖွင့်

Task 02 — Location ထည့်ပါတယ်။

Better user experience approach for this user task —

အကောင့်ဖွင့်ထားပြီး ဖြစ်တဲ့အတွက် အရင်က Address ဖြည့်ပြီးသားဖြစ်၊ Home လား Work လား၊ လက်ရှိထိုင်နေတဲ့ နေရာလား Current Location — Autofill (Already done in some Food Delivery App)

Task 03 (03 + 04 )— Search box မှာ Restaurant ကို ရှာပြီးရွေး | Set Menu, items တွေ ရွေး Add to Cart လုပ်ပါတယ်။

Better user experience approach for this user task —

User Scenerio က မှာနေကျအတိုင်းပဲမှာစား မှာဆိုရင်….

Your previous order တစ်ခု (သို့မဟုတ်) သုံးခုလာက်ကို “Order again” ပြပေးထားပြီး နောက်တစ်ဆင့် အနေနဲ့ See more ဆိုပြီး Order History ထဲကို ခေါ်သွား နိုင်ပြီး ပြန်ရွေး ထပ်တိုးချင်ရင် ထပ်ထည့် လုပ်လို့ ရပါတယ်။

  • Task 04- Payment Method ကို User ရွေးနေကျအတိုင်း default on ထားပေးပါတယ်။
  • Task 05- Check out လုပ်ပါတယ်။

အပေါ် က ဥပမာတွေမှာ စဥ်းစားပေးသလိုမျိုး …. User တွေရဲ့ လိုအပ်ချက်တွေ၊ လိုချင်တာတွေ၊ Goal တွေ ကို ရောက်အောင် ဖြည့်ဆည်းပေးဖို့ ဆို ကျနော်တို့ က User Goals နဲ့ User Tasks တွေကို သေချာ ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား နားလည်နေမှ ကိုယ့် Digital Product/Service ကို User တွေ ပိုလွယ်လွယ်နဲ့ မြန်မြန် သုံးနိုင်ပြီး Usersတွေကို စိတ်ကျေနပ်မှုပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ ရှင်းလင်းချက်တွေနဲ့ ဥပမာတွေကို အခြေခံချိတ်ဆက် စဉ်းစားရင်း စာဖတ်သူတို့ အနေနဲ့ User Goal နဲ့ User Task အကြောင်းကို အတိုင်းအတာတစ်ခုထိ သိရှိ နားလည်နိုင်စေဖို့ မှန်းဆရင်း…

မရှင်းတာရှိရင်ပဲဖြစ်ဖြစ် ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် အောက်က comment မှာ ရေးခဲ့ပေးလို့ရပါတယ် ….

အားလုံးပဲCOVIDကာလမှာ ဘေးရန် ကင်းကွာပြီး ပိုကျန်းမာပြီး လှပတဲ့နေ့သစ်တွေကို လက်ရှိရော အနာဂတ်မှာပါ ဆုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Stay Safe Naw!

Follow me Kool San to keep up with my other articles.

--

--

Kool San
UI/ UX Sharing

A passionate UX Designer, and I will share some articles about UX & UI Design. Sometimes I take photos and drink coffee.