UX Designer တွေအတွက် Empathy ရဲ့ အရေးပါမှု နှင့် Empathy Map အကြောင်း

Kool San
UI/ UX Sharing
Published in
4 min readSep 17, 2020

--

Photo by Marco Bianchetti on Unsplash and redesign by Kool

ကျနော်တို့ UX Designers တွေအတွက်ရှိသင့်တဲ့. အဓိကအရေးကြီးတဲ့ Core Skills တွေထဲမှာ Empathy(ကိုယ်ချင်းစာနာ နားလည်ခြင်း) လည်းပါပါတယ်။

တကယ်တမ်းမှာတော့ ကျနော်တို့ဟာ Users တွေမဟုတ်တဲ့အတွက် … Usersတွေရဲ့လိုအပ်ချက်တွေ ခံစားချက်တွေ သူတို့က ကိုယ့် Digital Product/Service ကို သုံးတဲ့အခါ တွေးခေါ်ပုံတွေ ယူဆချက်တွေ ဘယ်လိုရှိလဲဆိုတာ ဒီအတိုင်းတော့ မသိနိုင်ပါဘူး။

Photos on Unsplash

ကျနော်အပါ၀င် လူတွေဟာ မမြင်ဖူးတဲ့အခြေအနေ၊ မကြုံဖူးတဲ့ အဖြစ်၊ နောက်ဆုံး မမြင်ဖူးတဲ့လူတွေကို ကိုယ်ချင်းစာနာဖို့ဟာ ထင်သလောက်မလွယ်ပါဘူး။

ဥပမာပေးရရင် - ကိုယ့်နဲ့မသိတဲ့သက်ရွယ်တူတစ်ယောက် သေသွားတဲ့သတင်းကြားရတဲ့အခါ ဖြစ်တဲ့ ခံစားချက် နဲ့ ကိုယ့်အသိအနီးနားက သက်ရွယ်တူတစ်ယောက်သေသွားတဲ့သတင်းကြားရတဲ့အခါဖြစ်တဲ့ ခံစားရပုံချင်း(ကိုယ်ချင်းစာနာနားလည်းပုံ) အလေးအပေါ့ မတူသလိုမျိုးပါ။

ဒီလို Users တွေအပေါ် လေးလေးနက်နက်နားလည်ဖို့ဆိုရင် ကျနော်တို့ဟာ Userတွေရဲ့ လိုချင်တာတွေ၊ လိုအပ်ချက်တွေ user တွေရဲ့အတွေးတွေ ခံစားချက်တွေပါတဲ့ Empathy Map တစ်ခုကို စပြီးလုပ်ဖို့လိုပါတယ်။

Photo by Bonneval Sebastien on Unsplash

Empathy map ဆိုတာဘာလဲ?

Empathy Map ဆိုတာ ကျနော်တို့ UX Designersတွေကိုယ်တိုင် နဲ့ အလုပ်အတူတွဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် တစ်သားတည်းတစ်ပုံစံတည်း Userတွေကို လေးလေးနက်နက် ကိုယ်ချင်းစာနာ နားလည်ဖို့ သုံးရတဲ့ Visualization Tool တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့ဟာ ဒီ User Empathy Map နဲ့ Usersကို မျက်လုံးထဲ ပုံဖော်ပြီး ကိုယ်သိနေတဲ့အပြင်က တကယ့်လူတစ်ယောက်လို မြင်ယောင်ပြီဆို ကိုယ်ချင်းစာနာ နားလည်နိုင်ဖို့ လွယ်ပြီး ဒီလို ကိုယ်ချင်းစာ နားလည်မှ Users တိုင်း သုံးချင်တဲ့ Digital Productကောင်း တွေကို ကျနော်တို့ ဖန်တီးနိုင်မှာပါ။

General Empathy Map

Empathy Mapပုံစံတွေကအမျိုးမျိုးတော့ရှိပေမဲ့ ယေဘုယျကျတဲ့ Empathy Map တစ်ခုရဲ့ Structure တွေကတော့ —

Photos on Unsplash

1. Says

  • Userက ကိုယ့် Digital product ကို သုံးတဲ့ အခါမှာ ဖြစ်တဲ့ အဆင်ပြေမပြေ၊ ဘာလိုလဲဆိုတာ ထုတ်ဖော်ပြောတာ၊ သို့မဟုတ် ကျနော်တို့က မေးတာ။
  • ဘယ်ပြိုင်ဖက် ဘယ်Digital Product/Service သုံးရတာ တွေကို User မြင်သလဲ? (Optional — မေးဖို့လိုအပ်လာရင်မေးနိုင်ပါတယ်။)

2. Thinks

  • ကိုယ့် Digital Product/Service ကိုသုံးနေစဉ်မှာ Users တွေ ဘာတွေးနေလဲ။
  • ကိုယ့်ရဲ့ Appကို သုံးပြီး ဘာတွေအဆင်ပြေသွားမလဲ။ ဘာအဆင်မပြေမှာကိုရော စိတ်ပူနေလဲ?

3. Does

  • Userက ကိုယ့် Digital product ကို ဘယ်လိုသုံးလဲ? ဘာလုပ်လဲ?

4. Feels

Feeling မှာကတော့ အဆိုး အကောင်း(Pains & Gains) ရှိပါတယ်။

ခံစားချက် အဆိုး (Pain) — User ဘာတွေမကြိုက်ဘူးလဲ? ဘာကို စိုးရိမ်နေလဲ? ဘာအချက်တွေကြောင့် Action (ဥပမာ- ဆုံးဖြတ်ချက်ချခါနီး) ယူဖို့ တွန့်ဆုတ်နေလဲ?

ခံစားချက်အကောင်း (Gain) — Userက ပျော်ပြီးစိတ်ကျေနပ်မှုရတယ်ဆိုတာ ဘယ်လိုမျိုးလဲ? ဘယ်အချက်တွေဖြစ်နိုင်မလဲ?

Photos on Unsplash

နောက်ဒီထက်ပိုပြီး အသေးစိတ်ကျကျ Empathy mapping လုပ်ချင်ရင်တော့ ကျနော်တို့က User ရဲ့ A Specific Task / နောက်ဆုံး Goal (An Ultimate goal) တစ်ခုချင်းစီကို Empathy Mapping လုပ်လို့ရပါတယ်။

User’s ultimate goal — COVID ကာလမှာ ကိုယ်လက်လှုပ်ရှားမှုအတွက် နေ့စဉ်ပြေးဖို့ Nike or Adidas Running Shoe တစ်ရံကို E-commerce website ကနေဝယ်ချင်တာ။

ဥပမာ — ကျနော်ကိုယ်တိုင် User တစ်ယောက်အနေနဲ့ E-commerce App မှာ… ဖိနပ်၀ယ်တဲ့အခါကြုံရတဲ့ User Experienceကို Empathy Mapလုပ်ပြပေးထားပါတယ်။

Sample Empathy Mapping by Kool

ဒီအပေါ်က Empathy map အရ ကျနော်တို့ဟာ User ကို ကိုယ်ချင်းစာနာ နားလည်ပြီး – User ရဲ့ Pain Point တွေကို ဒီလိုဖြေရှင်းပေးလို့ရပါတယ်။

— ဖိနပ်ဆိုက်လွဲမှာကြောက်တယ် — Size Chart ကို သေချာအောင် Unit လေးမျိုးနဲ့ ပြပေးထားတယ်။ ခြေထောက်ကို တိုင်းပြီး Sizeကို တိုက်စစ်တဲ့ Chart ကိုပြပေးထားတယ်။ “7 Days Return”ကိုလည်း ဖော်ပြပေးရပါတယ်။

— ဓါတ်ပုံထဲက ပြထားတဲ့ ဖိနပ်ဒီဇိုင်းနဲ့ အပြင်မှာ ဒီဇိုင်းကာလာ ဘာညာအနေထား ကွဲနေမှာ ကြောက်တယ် — User ကို Expectation နဲ့ Reality ကို လက်ခံနိုင်ဖို့အတွက် … “ပုံမှာ မြင်နေရတဲ့ ဖိနပ်ရဲ့ ဒီဇိုင်းကာလာ ဘာညာအနေထားသည် အပြင်လက်တွေ့မှာ အနည်းငယ် ကွဲလွဲနိုင်သည်။” ဆိုပြီး Expectation နဲ့ Reality ကို နီးစပ်အောင်လုပ်ပေးထားတယ်။

— ဖိနပ်က ပြေးရင် မပေါ့ပဲ လေးနေမှာ သက်တောင့်သက်တာမဖြစ်မှာ ကြာကြာပြေးရင် ခြေထောက်ပူအိုက်နေမှာစိုးတယ် — ဖိနပ်ဟာ Running အတွက်သီးသန့်ထုတ်ထားပြီး ဘယ် အသား Fabric ကိုသုံးထားတယ်။ လေဝင်လေထွက်ကောင်းအောင် Design လုပ်ထားတယ်။ Long Run မှာ ခြေထောက်မနာအောင် ဘယ်Sole ကို သုံးထားတယ်ဆိုတဲ့ Product Description ကို သေချာရေးထားတယ်။

ဒါကြောင့် ကိုယ်UI/UX Designer တစ်ယောက်အနေနဲ့ — Sellerက Product Posts တွေတင်တိုင်း — Product Description/ဘယ် Input Fields တွေကို *Required လား? (or )Optional လား ? ဆိုတာကို User needs တွေကို အခြေအနေလိုက်ပြီး ဆုံးဖြတ်ပေးခဲ့ရမှာဖြစ်ပါတယ်။

Photo by Headway on Unsplash

အပေါ်မှာရေးထားတဲ့ Says, Thinks, Does, Feels အပိုင်းလေးခုရဲ့ Insight /data/information ကို ဘယ်လိုသိနိုင်မလဲ?

  1. Online Survey
  2. User Research / Interview
  3. လက်ရှိကိုယ့် Digital Product/Service ကို သုံးနေတဲ့ အသိ သူငယ်ချင်းရှိရင်မေး သူတို့ဘယ်လို သုံးလဲကြည့်ပါ။
  4. နည်းနည်း ကိုယ့်ကို ကိုယ် challenging ဖြစ်ချင်ရင် မျက်နှာသိ တစိမ်းတွေ ကိုမေးကြည့်ပါ။
  5. အခုလို COVID-19 ကာလ တစ်ယောက်တည်း သူများ မေးဖို့ မဖြစ်နိုင်ဘူး ဆိုရင် ကိုယ်, ကိုယ်တိုင် Imaginary User အဖြစ် စိတ်ကူ:ပြီးသာ မေးပါ။ ပြီးရင်ကိုယ့် Assumptions တွေကို အနားရှိတဲ့သူတွေကို မေးပြီး ခိုင်လုံအောင် Validate လုပ်ပါ။ နောက် ကိုယ့် common sense နဲ့ ပြန်ပြီး ဆန်းစစ်ကြည့်ပါ။ (ဥပမာ ဒီနေ့ ရေးထားပြီး နောက်ရက်တစ်ရက်ရက် or အချိန်ရနေသေးရင် နောက်တစ်ပတ်​လောက်မှ ပြန်ကြည့် ကြည့်ပါ။ တစ်ချို့ဟာတွေက ငါဘယ်လိုကြောင့် ဒီလိုရေးထားခဲ့တာလဲလို့ မေးနေရရင် သေချာပါပြီ။ အဲ့မှာ ကိုယ့်ဘာတွေ လွဲနေလဲဆိုတာ စသတိထားမိပြီး ပြင်လို့ရနိုင်ပါပြီ)

ဒါကြောင့် ကျနော်တို့ဟာ ကိုယ့် Digital Product/Servive ကို သုံးမယ့်. usersတွေကို သုတေသနလုပ်မယ်(research)၊ လေ့လာစောင့်ကြည့်မယ်(observe)၊ နောက်စကားပြောကြည့်မယ်၊ မေးမယ်(ask) အဲ့လို့ Research, Observe and ask ပြီးရလာတဲ့ တွေ့ရှိချက်တွေကို အကျဉ်းချုပ်လိုက်မယ် ဆိုရင်တော့ Usersတွေရဲ့အခြေအနေကို စတင် သိရှိနားလည်လာပြီး နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ ကိုယ်ချင်းစာနာနိုင်လာမှာဖြစ်ပါတယ်။

Photo by Bonneval Sebastien on Unsplash

နောက်ဆုံး Empathy map နဲ့ ပက်သက်ပြီး သိသင့်တာတွေက …

  • Empathy Map ကို ကျနော်တို့ One User အနေနဲ့ ရော Multiple-Users ရော Mapping လုပ်နိုင်ပါတယ်။
  • ကိုယ့် Usersတွေကို ယေဘုယျအားဖြင့် နားလည်ဖို့ အတွက် လုပ်တဲ့ Empathy Map (for the general understanding of the users)
  • တိတိကျကျသီးသန့် Specific user task (or) situation အတွက် နားလည်အောင်လုပ်တဲ့ Empathy Map ( for the understanding a specific task or situation)
  • Empathy mapping ကို UX design process ရဲ့ အစပိုင်းအချိန်တွေကနေစပြီး တောက်လျောက် လိုအပ်ရင်လိုအပ်သလို User လိုအပ်ချက်တွေကို ဦးစားပေးအဆင့်သတ်မှတ်တဲ့နေရာမှာလည်းသုံးနိုင်ပါတယ်။
  • Users အတွက် ဆုံးဖြတ်ချခါနီး Decision-making process ကို နားလည်နိုင်အောင်လုပ်တဲ့ အခါမှာရော UX Decisions တွေအတွက်လည်း guide တစ်ခုအနေနဲ့သုံးနိုင်ပါတယ်။
  • Empathy mapping ကို user flows, user journeys မလုပ်ခင် User Personas တွေဖန်တီးရာမှာ guideတစ်ခုအနေနဲ့ သုံးပါတယ်။
  • User Empathy Map ကို အခါအားလျှော်စွာ Update လုပ်ပေးဖို့ လိုအပ်ပါတယ်။
  • Empathy mapping sheet မှာ Release Date နဲ့ Version Number တွေ ပါရပါမယ်။

နိဂုံးချုပ်အနေနဲ့ … အခုကျနော် အပေါ်မှာ ရေးထားတာတွေက ကျနော့် အတွေ့ကြုံတစ်ချို့နဲ့ သူများဆောင်းပါးတွေကို အခြေခံပြီးရေးထားပေးထားပါ။ ဒီEmpathy နဲ့ ပက်သက်ပြီး စာဖတ်သူတို့ရဲ့ အမြင်လေးတွေကိုလည်း အောက်က comment မှာရေးပေးခဲ့လို့ရပါတယ်။ မရှင်းတာရှိလည်းမန့်ခဲ့ပေါ့နော့။

အားလုံးပဲCOVIDကာလမှာ ဘေးကင်းကွာပြီး ပိုကျန်းမာပြီး လှပတဲ့နေ့သစ်တွေကို လက်ရှိရော အနာဂတ်မှာပါ ဆုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Stay Safe Naw!

Follow me Kool San to keep up with my other articles.

--

--

Kool San
UI/ UX Sharing

A passionate UX Designer, and I will share some articles about UX & UI Design. Sometimes I take photos and drink coffee.